............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Friday 25 April 2008

သီအိုရမ်.........

မနက်ဖြန်ပေါင်းများစွာထဲက ဒီနေ့က ဘာအတွက်နဲ့ ရှင်သန်နေရတာလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိတယ်......ဖြေမယ့်သူ
မရှိတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ သမိုင်းကို ပြန်ကြည့်မိတယ်……..ကံကြမ္မာက ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ သီအိုရီကို ဘာလို့
ဖန်တီးပေးခဲ့တာလဲ…….ဝင်္ကပါလို ဖြစ်နေတဲ့ ကျွန်တော့်ဘဝနဲ့ တစ်ထပ်ထဲကျမယ့် Equation ကိုရော ဘာလို့ထုတ်မပေးခဲ့တာလဲ
…….အတိတ်ရဲ့ စာမျက်နှာတွေကို ပြန်လှန်ချင်လို့ ငမိုက်သားတို့ စံပျော်ရာမှာ သွားထိုင်ရင်း ကံတရားကို မနာလိုဖြစ်မိပါ
တယ်…….စစ်တုရင် ကစားသလိုပါပဲ……..စစ်တုရင်တစ်ပွဲမှာ အရုပ်တိုင်းဟာ အရေးပါသလို ကျွန်တော်လည်း ရှေ့တစ်ကွက်
တက်လိုက်ပါတယ်……နိုင်ပါ့မလားလို့ စိုးရိမ်စိတ်တို့နဲ့ လောကကြီးကို မျက်စောင်းထိုးကြည့်မိတယ်……ဘဝတစ်ကွေ့မှာ တစ်သက်မမေ့စရာ လူတွေကလည်း ဟန်ဆောင်ပြုံးနေကြဆဲပါ………..ညဟာလည်း မာယာအပြည့်နဲ့ပါပဲ……မိုးသက်လေပြေ
အဝှေ့မှာ အနာဂတ်အတွက် သော့တစ်ချောင်းကို လိုက်ရှာမိတယ်…….သြော်…..အနာဂတ်…….မင်းလည်း ဟန်ဆောင်တတ်သူ
ပါပဲလား………..

0 Comments: