............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Thursday 24 April 2008

ဝတ္တရား ..... (၂)

®®® ဆရာ (ဘုန်းတော်ကြီးများ) ဝတ္တရား

© မကောင်းမြစ်တား ၊
© ကောင်းရာညွှန်လစ် ၊
© အသစ်ဟောကြူး ၊
© နာဘူးထပ်မံ ၊
© နတ်ထံတင်ရာ ၊
© မေတ္တာလဲပြု ၊
© ရဟန်းမူ ၊ ခြောက်ခုလွန်သေချာ ။

© မကောင်းမြစ်တား === ဒကာ၊ ဒကာမတို့ မကောင်းသည်တို့ကို လုပ်နေလျှင်….မဆိုသင့်သည်တို့ ပြောဆိုနေကြလျှင်…
မလုပ်သင့်သည်တို့ကို လုပ်နေလျှင် တားမြစ်ရပါမည် ။
© ကောင်းရာညွှန်လစ် === မိမိကိုယ်တိုင် ဝိနည်းတော်တို့နှင့် အညီ နေထိုင်ကျင့်ကြံပြီး ဒကာ၊ ဒကာမတို့အား ကောင်းသော
နည်းလမ်းများကို အမြဲညွှန်ကြားပြသပေးရပါမည် ။

© အသစ်ဟောကြူး === ဒကာ၊ ဒကာမများအား မဟောကြားဖူးသော … မနာဖူးသော တရားအသစ်တို့ကို ဟောကြားပေး
ရပါမည် ။
© နာဘူးထပ်မံ === ဟောပြီးသား တရားတော်များကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိရအောင် သံသယရှိနေသည်
တို့ကို ရှင်းလင်းအောင် ထပ်မံဟောကြားပေးရပါမည် ။
© နတ်ထံတင်ရာ === ဒါယကာ ၊ ဒါယကာမများ နတ်ရွာသုဂတိ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မှန် ၊ တရား
ကောင်း တရားမြတ်တို့ကို သင်ကြားပြသဟောကြားပေးရပါမည် ။
© မေတ္တာလဲပြု === ဒကာ၊ ဒကာမတို့အား ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့ပေးရပါမည်။


®®® ဒကာ ၊ ဒကာမ တို့ ဝတ္တရား

© မေတ္တာစိတ်သက် ၊
© ဆောင်ရွက်ချစ်ခင် ၊
© ခင်မင်နူတ်ချို ၊
© လိုလျှင်ဖိတ်ထား ၊
© တတ်အားလှူစေ ၊
© ဝတ်ငါးထွေ ၊ ကျင့်လေ ဒါယကာ ။

© မေတ္တာစိတ်သက် === အိမ်မှာနေသော ဒကာ ၊ ဒကာမတို့သည် ကျောင်းမှာ သီတင်းသုံးနေတော်မူသော ဘုန်းတော်ကြီး
များအပေါ် “ကျန်းမာချမ်းသာစေကြောင်း” စိတ်ထဲက အမြဲမေတ္တာပို့လွှတ်နေရမည် ။ ( မနောကံ )
© ဆောင်ရွက်ချစ်ခင် === ဘုန်းတော်ကြီးများနှင့် တွေ့သောအခါဖြစ်စေ ၊ ကျောင်းရောက်သော အခါ ဖြစ်စေ ၊ ဝေယျာဝစ္စ
ဆောင်ရွက်သောအခါဖြစ်စေ ၊ မေတ္တာစေတနာရှေ့ထားပြီးဆောင်ရွက်ပါ ။ ကိုယ်ကျိုးအတွက် မဖြစ်စေရ ။ ( ကာယကံ )
© ခင်မင်နူတ်ချို === ဆရာဘုန်းကြီးများနှင့် ပြောဆိုဆက်ဆံသည့်အခါ ချိုချုသာသာပြောဆိုပါ ။ ( ဝစီကံ )
© လိုလျှင်ဖိတ်ထား === ဆရာတော်သံဃာတော်များ ကြွရောက်လာလျှင် “အလိုရှိရာ အလှူခံတော်မူပါ ဘုရား” ဟု ဖိတ်
ကြားရပါမည် ။ ရဟန်းတော်များသည် ဖိတ်ထားမှသာ အလှူခံကောင်းပါသည် ။ မဖိတ်ကြားသူတို့ကို အလှူခံလျှင် အပြစ်
ဖြစ်ပါသည် ။
© တတ်အားလှူစေ === တတ်နိုင်သမျှ နည်းသည် ၊များသည် လှူပါ။

0 Comments: