............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Friday 25 April 2008

ဝတ္တရား ....... (၃)

®®® ဇနီးမယား ဝတ္တရား

© အိမ်တွင်းမူလုပ် ၊
© သိမ်းထုပ်သေချာ ၊
© မိစ္ဆာကျဉ်ရှောင် ၊
© လျော်အောင်ဖြန့်ရှိ ၊
© ပျင်းရိမမူ ၊
© ဝတ်ငါးဆူ ၊ အိမ်သူကျင့်အပ်စွာ ။

©© အိမ်တွင်းမူလုပ် === မိမိတို့အိမ်တွင် လုပ်စရာရှိသော ကိစ္စများကို အမျိုးသမီးက ပြုလုပ်ရပါမည် ။
©© သိမ်းထုပ်သေချာ === မိမိယောင်္ကျား ရှာဖွေ၍ အပ်သမျှ စီးပွားဥစ္စာများကို သေသေချာချာ မပျက်စီးသင့်သည်များကို
မပျက်စီးရအောင် မကုန်သင့်သည်တို့ကို မကုန်ရအောင် ထိန်းသိမ်းရပါမည် ။
©© မိစ္ဆာကြင်ရှောင် === အမျိုးသမီးများသည် မမိတို့၏ ခင်ပွန်းကို ပစ်ပယ်ထားပြီး အခြားအမျိုးသားများနှင့် ဖောက်ပြား
ခြင်း မှားယွင်းခြင်း စသော မိစ္ဆာအကျင့်ကို ရှောင်ကြဉ်ရပါမည် ။
©© လျော်အောင်ဖြန့်ရှိ === သူ့ဆွေမျိုး ၊ ကိုယ့်ဆွေမျိုးများကို သူ့အချိန်နှင့် သူ့နေရာနှင့် သင့်လျော်အောင် ပေးကမ်းခြင်း
ချိုသာခြင်း ၊ အကျိုးရှိအောင် ဆောင်ရွက်ခြင်း ၊ ကိုယ်ချင်းစာခြင်း စသော သင်္ဂဟတရားနှင့် အညီကျင့်သုံးတတ်ရပါမည်။
©© ပျင်းရိမမူ === အိမ်ထောင်ထိန်းသိမ်းမူလုပ်ငန်း ဆောင်ရွက်သည့်အခါ ပျင်းရိပြီး မနေဘဲ သွက်သွက်လက်လက် တက်
တက်ကြွကြွ စိတ်ပါလက်ပါ ပြုလုပ်ရပါမည် ။


®®® လင်ယောင်္ကျား ဝတ္တရား

© မထေမဲ့ကင်း ၊
© အပ်နှင်းဥစ္စာ ၊
© မိစ္ဆာမမှား ၊
© ဝတ်စားဆင်ယင် ၊
© မြတ်နိုးကြင် ၊
© ငါးအင်လင်ကြင့်ရာ ။

©© မထေမဲ့ကင်း === အမျိုးသားများသည် မိမိတို့၏ ဇနီးမယားများအပေါ် ကိုယ့်ဇနီးမယားပဲဆိုပြီး မထေမဲ့မြင် မည်သည့်
အခါမှ မလုပ်ရပါ ။
©© အပ်နှင်းဥစ္စာ === အမျိုးသားများသည် အလုပ်လုပ်စီးပွားရှာပြီး ရသမျှအား ဇနီးကို အပ်ရပါမည် ။
©© မိစ္ဆာအမှား === အမျိုးသားများသည် မိမိ၏ ဇနီးကို ပစ်ပယ်ထားပြီး အခြားအမျိုးသမီးများအပေါ် မည်သည့်အခါမှ
မဖောက်ပြားရပါ ။
©© ဝတ်စားဆင်ယင် === အမျိုးသားများသည် မိမိ၏ ဇနီးကို တစ်ခါတစ်ရံမှာ ဖြစ်စေ အဝတ်အစားနှင့် အခြားအသုံး
အဆောင်များ ဝယ်ယူဆင်မြန်းပေးရပါမည် ။
©© မြတ်နိုးကြင် === အမျိုးသားများသညှ်ဇနီးမယားကို ခေါ်ဝေါ်ပြောဆိုသည်ကအစ ကြင်ကြင်နာနာ ခေါ်ဝေါ်ပြောဆို
ဆက်ဆံသင့်ပေသည် ။

0 Comments: