............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Friday 25 April 2008

ဝတ္တရား ....... (၄)

®®® အလုပ်ရှင်ကောင်းကျင့်ဝတ်

© ဝစွာကျွေးမွေး ၊
© ပြုရေးစီစဉ် ၊
© နာလျှင်ကုစေ ၊
© မျှဝေရသာ ၊
© အခါကိုလွှတ် ၊
© အရှင့်ဝတ် ၊ ဟောရွတ်ဥပမာ။

©© ဝစွာကျွေးမွေး === အလုပ်သမားတို့အား သင့်တော်သော အလုပ်ကို ခိုင်းပြီးလျှင် အလုပ်နှင့် တန်သော လစာရိက္ခာ
ကိုပေးပါ ။
©© ပြုရေးစီစဉ် === မိမိ၏ အလုပ်သမားနှင့် သင့်တော်လျောက်ပတ်သော အလုပ်တို့ကို ခိုင်းရပါမည် ။
©© နာလျှင်ကုစေ === အလုပ်သမားများ မကျန်းမမာဖြစ်လျှင် ပစ်မထားပဲ ဖြစ်သည့်ရောဂါ ပျောင်ကင်းအောင် ဂရုစိုက်ကု
သပေးရပါမည် ။
©© မျှဝေရသာ === မိမိကိုယ်တိုင် ကောင်းတာစားလျှင် မိမိခိုင်းသော အလုပ်သမားများကိုလည်း ခွဲခြမ်းဝေခြမ်းပြီး မျှဝေ
ကျွေးမွေးသင့်ပါသည် ။
©© အခါကိုလွှတ် === အလုပ်သမားများအတွက် အားလပ်ခွင့်ရက်ကို သင့်တော်သောအချိန်မှာ သတ်မှတ်ပေးရပါမည် ။


®®® အလုပ်သမားကောင်း ကျင့်ဝတ်

© အိပ်သော်နောက်ကျ ၊
© ထသော်ကားရှေ့ ၊
© ပေးမှယူအပ် ၊
© စေ့စပ်ဆောင်ရွက် ၊
© ကျေးဇူးမြွက် ၊
© ငါးချက် ကျွန်ကျင့်ရာ ။

©© အိပ်သော်နောက်ကျ === ခိုင်းထားသော လုပ်စရာ ကိစ္စအားလုံးပြီးစီးအောင်ပြီး အလုပ်ရှင်နောက်မှ အိပ်သင့်ပေသည် ။
အလုပ်ရှင်ပြန်မှ ပြန်သင့်ပေသည် ။
©© ထသော်ကားရှေ့ === အလုပ်ရှင်ထက် ရှေးဦးစွာ ထရပါမည် ။ အလုပ်ရှင်ထက် စောစီးစွာ ရောက်ရပါမည် ။
©© ပေးမှယူအပ် === တစ်စုံ တစ်ခုအား ယူသောအခါ အလုပ်ရှင်ပေးမှ ယူရပါမည် ။အလုပ်ရှင် ခွင့်ပြုမှ လုပ်ရပါမည် ။
©© စေ့စပ်ဆောင်ရွက် === အလုပ်လုပ်သောအခါ ဝတ်ကျေတန်းကျေမလုပ်ပဲ စေ့စေ့စပ်စပ်နှင့် စေတနာပါစွာ လုပ်ပေးသင့်
သည်။
©© ကျေးဇူးမြွက် === မိမိအလုပ်ရှင်၏ ဂုဏ်ကျေးဇူးကို မျက်မှောက်မှာ ဖြစ်စေ မျက်ကွယ်မှာဖြစ်စေပြောဆိုပါ ။ အမြဲအမှတ်
ရပါ ။

0 Comments: