............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Wednesday 23 April 2008

မြတ်ဆရာ.....

ဆရာသည် အတိုင်းမသိ ကြီးမြတ်သူဖြစ်၏။ တပည့်ငယ်များ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် သောကကို ရင်ဝယ်ပိုက်လျက် အနစ်နာခံကာ မြေတောင်မြှောက်ပေးသူ ဖြစ်၏။ရှေးလာမည့် နှစ်ပေါင်း ရာထောင်နှင့် ချီပြီး လူ့လောကကြီး ချမ်းမြေ့သာယာအောင် စွမ်းဆောင်ပေးနိုင်သည့် အမြော်အမြင်ရှိသူဖြစ်သည်။ ကမ္ဘာတည်သရွေ့ ထာဝရ ရှိနေရမည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။လူသားဟူ၍ ရှိနေသမျှကာလပတ်လုံး လောကကြီးထဲတွင် ဆုံးမသူ၊ လမ်းညွန်သူ၊ ဖန်တီးသူ၊ ပျိုးထောင်သူ၊ ဆီမီးတိုင်များစွာကို ထွန်းညှိပေးနေသူ၊ အလင်းတံခါးဖွင့်ပေးသူများအဖြစ် ထာဝရ ရပ်တည်သွားမည်သာ ဖြစ်ပါသည်။

ဆရာ (TEACHER) ၏ အဓိပ္ပယ်ဖွင့်ဆိုချက်

®® T = Teaching
®®E = Education
®®A = Active
®®C = Clever
®®H = Honest
®®E = Expert
®®R = Research Minded

မြန်မာ ဖွင့်ဆိုချက်

®® ဆ + ရာ = တွေးတွေးဆဆနှင့် ကြိုတင်လျှာထားဆောင်ရွက်တတ်သူ
®® ဆရာ = သူတစ်ထူးကို သင်ပြသူ
®® ဆာယာ = တပည့်များကို အရိပ်ပေးသူ
®® စရာ = (စရ) ပါဠိစကားမှ လာပြီး အကျင့်စာရိတ္တကောင်းမွန်သူ

မြန်မာတို့နှင့် ဆရာ

မြန်မာတို့သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီပြီး ဆရာများကို ပူဇော်၊ ကန်တော့သော အလေ့ရှိပြီးဖြစ်၏။
ဆရာသည် မြန်မာတို့၌ အနန္တော အနန္တ ဂိုဏ်းဝင်ဖြစ်ပြီး ကျေးဇူးအထူးကြီးမြတ်လှပေသည်။

ဆရာတို့၏ ဂုဏ်အဂါင်္များ

®® မစွန့်ခြင်းဟူသည့်အင်္ဂါ (၂)ပါး
®®အပေါင်းအသင်းကိုသိခြင်းအင်္ဂါ (၄)ပါး
®®စစ်ဆေးဝေဖန်ခြင်းအင်္ဂါ (၄)ပါး
®®ထိရောက်စွာသင်ပေးခြင်းအင်္ဂါ (၆)ပါး
®®မမေ့လျှော့ခြင်းအင်္ဂါ (၂)ပါး
®®ချီးမြင့်ခြင်းအင်္ဂါ (၃)ပါး
®®အခြေအနေကို သိခြင်းအင်္ဂါ (၄)ပါး
®®စုစုပေါင်း------- (၂၅)ပါး

ကမ္ဘာ့ဆရာများနေ့
WORLD TEACHER"S DAY
(အောက်တိုဘာလ- ၅ ရက်)

ဂုဏ်ပြုဆောင်ပုဒ်
®®® အေးချမ်းသာယာလှပသော ကမ္ဘာကြီးဖြစ်လာရန် အလင်းတံခါးဖွင့်ပေးသူမှာ တို့ဆရာ။
®®®Teachers Opening Doors to a better world

ရည်ရွယ်ချက်
®®® ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မူအတွက် အခြေခံအကျဆုံးဖြစ်သည့် လူသားအရင်းအမြစ်
ပျိုးထောင်ရေးတွင် ပဓာနကျသော ဆရာများ၏ တန်းဖိုးကြီးမားပုံကို ပေါ်လွင်ထင်ရှားလာစေရန်။

®®® ဆရာများ၏ ဂုဏ်ရည် ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန်။

®®® ပစ္စုပန်နှင့် အနာဂတ်ကာလတို့တွင် လူဘောင်အဖွဲ့အစည်းကြီးက လိုလားအပ်သည့် သားကောင်းရတနာ
များ ပေါ်ထွက်လာရေးအတွက် ပုံဖော်ပေးမည့် ဆရာကောင်း ဆရာမြတ်များ ကမ္ဘာအနှံ့အပြား၌ ပေါ်
ပေါက်လာစေရန်။

အဆိုအမိန့်များ

၁။ အာစရိယဂုဏော အနေန္တော---ဆရာများ၏ ဂုဏ်ကျေးဇူးသည် အဆုံးမရှိ ကြီးမြတ်လှ၏။ (မြတ်ဗုဒ္ဓ)

၂။ ရှေးရူမေတ္တာ၊ စေတနာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊
ဆုံးမတတ်သူ၊ ဆရာဟူလော့။ (မန်လည်ဆရာတော်)

၃။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
(သိင်္ဂါလောဝါဒသုတ်)

0 Comments: