............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Thursday 24 April 2008

မြန်မာ ........

®®®®®နိုင်ငံတစ်နိုင်ငံတွင် မိမိနိုင်ငံအား သတ်မှတ်ထားသော အမည်နာမသတ်မှတ်ခြင်း
သည် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါတယ်......မြန်မာလူမျိုးအများစုမှာ မိမိနိုင်
ငံ၏ မူရင်းအမည်ကို အသိအမှတ်ပြုခြင်းမခံရခြင်းမှာ ခံပြင်းဖွယ်ရာဖြစ်ပါတယ်......သို့ရာ
မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရောက်နေသည့် မြန်မာလူမျိုး အနည်းစုသည် ဗြိတိသျှအ
စိုးရက ပေးခဲ့တဲ့ ဘားမား(BURMA) ဆိုတဲ့ နာမည်ကို ဆက်လက်အသုံးပြုနေကြတာ ဘာ
ကြောင့်လဲ......ဘာအတွက်လဲ.....ဘာလို့မရှင်းပြကြတာလဲ.....?????????

®®®®®ကျွန်တော်တို့ မြန်မာနိုင်ငံမှာ “မြန်မာ” ဆိုတဲ့ အမည်နာမနဲ့ မြို့တော် “ရန်ကုန်”
ဆိုတဲ့ အမည်နာမတွေဟာ ကျွန်တော်တို့ အစိုးရက ပေးခဲ့တဲ့ အမည်နာမတွေ မဟုတ်ပါဘူး.......ဟိုးရှေးယခင် ကတည်းက တည်ရှိခဲ့တာပါ......ရှေးမြန်မာနိုင်ငံကို
စီမံအုပ်ချုပ်ခဲ့တဲ့ မြန်မာအစိုးရ အဆက်ဆက်က မူရင်းအမည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း
က ကျွန်တော်တို့ နိုင်ငံအတွက် အလွန်ဝမ်းနည်းစရာကောင်းသော အချက်ပဲဖြစ်ပါ
တယ်.....ကျွန်တော်တို့ နိုင်ငံတော်အစိုးရဟာ မြန်မာနိုင်ငံကို မြန်မာလို့ ရည်ရွယ်ချက်
(၂) မျိုးနဲ့ ပြန်လည်ဖော်ထုတ်သတ်မှတ်ခဲ့ပါတယ်......ဗြိတိသျှကိုလိုနီတို့ စိုးမိုးခဲ့တဲ့
အတိတ်ကာလမှ လုံးဝလွတ်မြောက်ပြီဆိုတဲ့ ခံစားမူမျိုး ရရှိစေရန် နဲ့ ယခင်က အစိတ်
စိတ်အမွာမွာပြိုကွဲ စိတ်ဝမ်းကွဲခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ အခုအချိန်မှာ ရရှိလာ
တဲ့ အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျူးကာ
“ပြည်ထောင်စုမြန်မာနိုင်ငံ” လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်......

®®®®®ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဓိက လူမျိုးကြီး (၈) မျိုးရှိပါတယ်....လူမျိုးပေါင်း (၁၃၅) မျိုးနေထိုင်ကြတယ်.....လူမျိုးကြီး (၈)မျိုးထဲမှာ ၇၀% က ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်.......အဲ့ဒါကြောင့် ဗြိတိသျှအစိုးရက BURMA လို့ ခေါ်ခဲ့တာဖြစ်မှာပါ......ဒါပေမယ့် အေဒီ ၁၁၉၀ နှင့်ညီမျှတဲ့ ပုဂံဒေသက ကျောက်စာတစ်ချပ်မှာ “မြန်မာ”
ဆိုတဲ့ စကားလုံးကို ပထမဆုံးစတွေ့ခဲ့ကြပါတယ်.......တို့နောက်ပိုင်း ခောတ်ကာလအဆက်ဆက်မှာလည်း “ဗမာ”ဆိုတဲ့ အမည်နာမကို လုံးဝမတွေ့ခဲ့တော့ပါဘူး.....(၁၈) ရာစုနဲ့ (၁၉) ရာစုမှာမှ ရှေးဟောင်းပစ္စည်းများနဲ့ အဆောက်
အအုံတွေမှာ ဗမာ ဟူသော စာလုံးကို တွေ့ရှိခဲ့ကြပါတယ်......ထို့နောက် ရှေးအစဉ်အဆက်ကပင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံသည် “မြန်တင်” ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်......ပြီးတော့ မြန်မာနိုင်ငံကို မြန်မာလို့ သတ်မှတ်လိုက်တာထက်
ဗမာလို့ သတ်မှတ်တာဟာ လူမျိုးစုငယ်တွေကို အသိအမှတ်မပြုရာလည်းရောက်ပါတယ်.....
လူမျိုးအားလုံးကို တန်းတူရည်တူ တစ်နိုင်ငံတည်းသားများအဖြစ် အသိအမှတ်ပြုတဲ့ အနေနဲ့
မြန်မာလို့ သတ်မှတ်လိုက်တာလို့လည်း ယူဆနိုင်ပါတယ်............ကျွန်တော်တို့ နိုင်ငံကို ဘယ်သူပဲ အုပ်ချုပ်ပါစေ....ကျွန်တော်တို့ မြန်မာလူမျိုးတို့ပဲ အုပ်ချုပ်မှာပါ.....ဗြိတိသျှတို့ ပေးခဲ့တဲ့ အမည်နာမ ကို လွမ်းဆွတ်နေစရာ မလိုပါ.......ရှေးယခင်ကတည်းက ကျွန်တော်တို့ရဲ့ မြန်မာလူမျိုးတို့ ပေးခဲ့တဲ့ နာမည်ကို ခုမြန်မာတို့ လက်ခံသုံးစွဲနေတာ ရှက်စရာလည်း မလိုပါ.......

®®®®®ဘယ်လိုပဲ ဖြစ်ဖြစ် လူမျိုး
ရေးရူထောင့်ကကြည့်ကြည့် ၊ သမိုင်းရေးရူထောင့်ကကြည့်ကြည့် “မြန်မာ” ဟာ “မြန်မာနိုင်ငံ”
ပါပဲ...... BURMA မဟုတ်နိုင်ပါ......ဘယ်နိုင်ငံရောက်ရောက် မြန်မာလူမျိုးတို့ စုပေါင်းနေ
ထိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို BURMA လို့ ထင်နေ...လက်ခံနေကြတဲ့ သူတိုင်း
ကို မြန်မာလို့ ရှင်းပြပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ......

0 Comments: