............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Thursday 24 April 2008

ဝတ္တရား .... (၁)

®®® ဆရာ၏ ကျင့်ဝတ်များ

© အတတ်လည်းသင် ၊
© ပဲ့ပြင်ဆုံးမ ၊
© သိပ္ပမချန် ၊
© ဘေးရန်ဆီးကာ ၊
© သင့်ရာအပ်ပို့ ၊
© ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ ။


®®® တပည့် ဝတ္တရားငါးပါး

© ညီညာထကြွ ၊
© ဆုံးမနာယူ ၊
© လာမူကြိုဆီး ၊
© ထံနီးလုပ်ကျွေး ၊
© သင်တွေးအံရွက် ၊
© တပည့်ဝတ် ၊ မချွတ်ငါးခုသာ ။

© ညီညာထကြွ === တပည့်သည် ဆရာသမားထံ တက်တက်ကြွကြွ ချဉ်းကပ်ရပါမည် ။ ဖြစ်နိုင်လျှင် တစ်နေ့ သုံးကြီမ်ချဉ်း
ကပ်သင့်ပါသည် ။ စာသင်ဖို့ အတွက်ကတော့ မလွဲမသွေ ဆရာထံသွားရမည်သာ ဖြစ်သည် ။
© ဆုံးမနာယူ === ကောင်းရာကောင်းကြောင်း ဆုံးမလာသော ဆရာသမားရဲ့ အဆုံးအမကို တပည့်များက နာယူရပါသည် ။
ဆရာသမားတို့သည် မိဘနှင့် တစ်ဂိုဏ်းထဲ ဖြစ်သောကြောင့် အမြဲမှန်၏ ။
© လာမူကြိုဆီး === ဆရာသမားကို မည်သည့်နေရာတွင် တွေ့တွေ့ ဆီးကြိုနူတ်ဆက်ရပါမည် ။ နေရာထိုင်ခင်းပေးရပါမည်။
© ထံနီးလုပ်ကျွေး === ဆရာသမားများအား အနီးကပ် လုပ်ကျွေးပြုစုရပါမည် ။
© သင်တွေးအံရွက် === ဆရာသင်ပေးသော ပညာရပ်များကို ရိုရိုသေသေ လေးလေးစားစား သင်ရပါမည် ။

0 Comments: