............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Thursday 8 May 2008

နာယက ဂုဏ် (၆) ပါး

®®®မည်သည့်နေရာမှမဆို ခေါင်းဆောင်ပုဂ္ဂိုလ်ရှိကြမှာပါ.....အဖွဲ့အစည်းတို့မှာမှ ခေါင်းဆောင်ရှိသည် မဟုတ်ပါ….အိမ်တစ်အိမ်၏ အိမ်ထောင်ဦးစီးသည်လည်း ခေါင်းဆောင်ဖြစ်ပါသည်…..အဲ့ဒီ ခေါင်းဆောင်တို့ကို “ နာယက ” လို့ ခေါ်ပါတယ် ……နာယက ဂုဏ် (၆) ပါးရှိပါတယ်......အဲ့ဒီ (၆) ပါးကို ကျွန်တော်တို့ အများစုက

၁ ။ ထကြွ

၂ ။ နိုးကြား

၃ ။ သနား

၎ ။ သည်းခံ

၅ ။ ဝေဖန်

၆ ။ ထောက်ရူ လို့ လက်ခံကြားသိထားကြပါတယ်……..

®®®ကျမ်းစာတို့မှာကတော့

(၁) ခမာ ---> သည်းခံခြင်း ၊

(၂) ဇာဂရိယ ---> နိုးနိုးကြားကြားရှိခြင်း ၊

(၃) ဥဌာန ---> အသိဥာဏ်ပါသော ထကြွလုံ့လ ဝီရိယရှိခြင်း ၊

(၄) သံဝိဘာဝေ ---> ခွဲဝေပေးလေ့ရှိခြင်း ၊

(၅) ဒယာ ---> သနားညှာတာခြင်း ၊

(၆) £ က္ခဏာ ---> ကြည့်ရူစောင့်ရှောက်ခြင်း ။ ဆိုပြီး အဓ္ဓပ္ပယ်ဖွင့်ဆိုထားပါတယ်…..

®®® ခမာ == သည်းခံခြင်း

ခေါင်းဆောင်လုပ်သူတိုင်း ငယ်သားများကို တင်ကြို အမှားမရှိအောင် သတိပေးရပါမည်……သတိပေးထားလျက် မတော်တဆအမှားတွေ့လျှင်လည်း မိမိလို အရည်အချင်းမရှိသေးလို့ ငယ်သားဖြစ်နေတာပဲလို့ သဘောထားပြီး သည်း

ခံပေးရပါမည်…….နောင်အမှားမရှိအောင်လည် သင်ကြားပြသပေးရပါမည်…….

®®® ဇာဂရိယ == နိုးနိုးကြားကြားရှိခြင်း

ခေါင်းဆောင်လုပ်သူသည် လေးလံထိုင်းမိုင်းပြီး ပျင်းရိစွာ နေထိုင်လို့မရပေ……အိပ်နေလို့ မရပေ…..ကိုယ်တိုင်လည်း

တက်တက်ကြွကြွ နိုးကြားစွာနေပြီး ငယ်သားများကိုလည်း နိုးကြားစေရပါမည်…..ကိုယ်တိုင်က အိပ်နေပြီး ငယ်သားများ

အား မအိပ်မနေကြိုးစားစေလျှင် ငယ်သားများက မတရားဘူးထင်လာကြပါမည်…..

®®® ဥဌာန == အသိဥာဏ်ပါသော ထကြွလုံ့လ ဝီရိယရှိခြင်း

ဆိုင်ရာကိစ္စတို့တွင် နားလည်မူအသိဥာဏ်တို့နှင့် ထထကြွကြွလုံလရှိရပါမည်……အသိဥာဏ်ပညာမရှိသော လုံလဝီရိယမရှိ

သော ခေါင်းဆောင်တို့အား မည်သည့်ငယ်သားမှ လေးစားမည်မဟုတ်ပါ……

®®®သံဝိဘာဂ == ခွဲဝေပေးလေ့ရှိခြင်း

အစားအဝတ်မှ စပြီး ငယ်သားများအား ခွဲဝေထောက်ပံ့ကြည့်ရူစောင့်ရှောက်ပေးရပါမည်…..ခေါင်းဆောင်သည်ခမ်းနားစွာ

နေထိုင်စားသောက်ပြီး ငယ်သားများက ငတ်ပြတ်နေလျှင် ဘယ်နေရာမှာမှ အဆင်ပြေမည်မဟုတ်ပါ……

®®® ဒယာ == သနားညှာတာခြင်း

ငယ်သားတို့ အပေါ်တွင် အကျိုးလိုလားသော မေတ္တာစိတ်နှင့် သနားညှာတာသော ကရုဏာစိတ် အမြဲရှိရဖို့ လိုအပ်ပေသည်…..

သို့မှသာ ခေါင်းဆောင်လုပ်သူ၏ အမိန့်ကို လွယ်လွယ်ကူကူနာခံမှာ ဖြစ်ပါတယ်…..

®®® £ က္ခဏာ == ကြည့်ရူစောင့်ရှောက်ခြင်း

ငယ်သားများ မကျန်းမာသော အခါတွင် ဖြစ်စေ…တစ်စုံတစ်ခု အခက်အခဲကြုံလာလျှင်ဖြစ်စ ကြည့်ရူစောင့်ရှောက်ဖော်မရပါက

မည်သည့်ငယ်သားကမှ ကြည်ညိုမည် မဟုတ်ပေ……မေတ္တာဂရုဏာတို့ဖြင့် အရာရာကို စောင့်ရှောက်မှန်းသိလျှင် ခေါင်ဆောင်လုပ်သူ၏ တာဝန်ကို အသက်ပေးပြီး ထမ်းဆောင်ချင်စိတ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်……

1 Comment:

သွင်မောင် said...

ခေါင်းဆောင် ကောင်းရင် ပခုံးနှင့်ထမ်း တင်ရုံတင်မဟုတ် အသက်ပါပေးဝံ့ပါတယ် .... အခုတော့ကွာ...