............. အချိန်နှင့် ခောတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာ လိုအပ်ပေသည်..........
မိတ်ဆွေ….. သင်တို့ချစ်တဲ့ မြန်မာပြည်ကို ပြန်ရောက်ရင် နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုကြမလဲ….....

Sunday, 8 June 2008

ကျွန်တော်နှင့် ခေတ်အဆက်ဆက်မှ ငွေကြေးများ..... (၄)

click to comment

click to comment

click to comment

click to comment

click to comment

click to comment

click to comment

click to comment

Friday, 6 June 2008

ကျွန်တော်နှင့် ခေတ်အဆက်ဆက်မှ ငွေကြေးများ..... (၃)

click to comment

click to comment

click to comment

click to comment

click to comment

click to comment

click to comment

click to comment

click to comment

Thursday, 5 June 2008

ကျွန်တော်နှင့် ခေတ်အဆက်ဆက်မှ ငွေကြေးများ..... (၂)

click to comment

click to comment

click to comment

click to comment

ကျွန်တော်နှင့် ခောတ်အဆက်ဆက်မှ ငွေကြေးများ..... (၁)

click to comment


click to comment


click to comment


click to comment

Friday, 9 May 2008

ကျွန်တော့်ကိုတိုက်သွားသော နာဂစ်....

သြော်.....မြန်မာ.....မြန်မာ.....လောကလိုင်းတွေထဲက မြန်မာ....စိတ်ဝမ်းကွဲနေတဲ့ ကျွန်တော်တို့ မြန်မာတွေ......အတ္တတွေကြားထဲက ဘယ်သူမှ ရုန်းထွက်ဖို့ မစဉ်းစားကြတော့ဘူးလားဗျာ......
ကံတရားက ဒဏ်ခတ်ထားတဲ့ သားကောင်တွေထဲမှာ ကျွန်တော်လည်းပါတယ်....ဒါပေမယ့် လောဘသားကောင်တော့ မဟုတ်ဘူး........ဖြစ်ပျက်နေတဲ့ အခြေအနေကြားထဲမှာ ကျွန်တော်ရဲ့
မိသားစုလေး ဘယ်ဆီကို ရောက်
နေမှန်းတောင် မသိပါဘူး......အမေနဲ့ ညီမလေးက ကျွန်တော့်ရဲ့ သေးငယ်လှတဲ့ မိသားစုကမ္ဘာ......
အမျိုးတွေက မြောင်းမြမှာ.....အဖိုးက စမ်းချောင်းမှာနေတယ်.....ဘယ်နေရာမှ မလွှတ်ဘူး.....
ကျွန်တော်က သူတို့ရဲ့ အဝေးဆုံးနေရာမှာ.....တစ်မျိုးလုံး ဘယ်သူတွေ ဘယ်လိုဖြစ်နေမှန်း မသိတဲ့
အချိန်မှာ စစ်သားဆိုတဲ့ ကျွန်တော်ကို ထိုးနှက်နေတဲ့ လူတွေက အနီးဆုံးမှာ.......ဆိုးရွားနေတဲ့ အခြေအနေမှာတောင် ကျွန်
တော်တို့ ရွှေမြန်မာတွေ တိုက်ခိုက်နေကြတုံးပဲ.......ဘယ်အရာကိုမှ အနိုင်မရခဲ့တဲ့ ကျွန်တော်
အခုထိလည်း ရူံးနေဦးမှာပါပဲ.......ဘာတွေကိုလိုချင်နေလို့အခုထိစောင်းမြောင်းထိုးနှက်နေရ
တာလဲဗျာ......
မှားတာ..၊မှန်တာတွေကို အခုအချိန်မှာ ဘေးချိတ်ထားသင့်ပါတယ်......ဆိုးရွားနေတဲ့
မုန်တိုင်းဒဏ်ကို ကျွန်တော်တို့ကရော လက်ပိုက်ကြည့်နေလို့လား.....ကျွန်တော်တို့ကျောင်းမှာ
ဆိုရင် မိသားစုရဲ့ အခြေအနေကို မသိ
ရတဲ့လူတွေအများကြီးပါ......ဒါပေမယ့် ကိုယ့်မိသားစုအတွက်ရယ်လို့ ဘယ်သူမှ တစ်ကိုယ်ကောင်းစိတ်မထားကြပါဘူး.......အားလုံးအတွက်မြန်မာတိုင်းကို အဝေးကကူညီနေဆဲပါ......နိုင်ငံရပ်ခြားက ကျွန်တော်တို့ ရွှေမြန်မာတွေ......ဒေါ်လာ၂၅၀၀ နဲ့ အထက်....တစ်လတစ်လကိုရတယ်ဆိုတဲ့ မြန်မာပြည်သားကြီးတွေ......ရတဲ့လစာ အကုန်လုံးထောက်ပံ့ရဲကြလား...အမိနိုင်ငံတော်ကို........ကျွန်တော်တို့လည်း တတ်နိုင်
သမျှ ကူညီထောက်ပံ့နေတာပါ.......ဘယ်သူမှ ကိုယ့်လစာအကုန် တစ်ကျပ်မကျန်
ထောက်ပံ့နေတဲ့ လူမရှိပါဘူး......ငါကတော့ မင်းထက်ပိုတယ်လို့တော့ မပြောပါနဲ့....သူ့အိုးနဲ့
သူ့ဆန်ဆိုတာ ရှိပါတယ်......ကိုယ်တတ်နိုင်လို့ ကူညီတာပဲ...လျှောက်ပြောနေစရာ
အကြောင်းမရှိပါဘူး......အရမ်းဝမ်းနည်းဖို့ကောင်းတယ်ဗျာ.......မြင်ရတဲ့ ဓာတ်ပုံတွေက......
တစ်ကယ်ဆိုရင် အခုအချိန်မှာ ကျန်တာတွေ ဘေးချိတ်ပြီး အဲ့ဒီဒုက္ခရောက်နေတဲ့လူတွေကိုပဲ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ အာရုံစိုက်သင့်ပါတယ်......ကိုယ်လိုချင်နေတဲ့ အရာတွေနဲ့
ရောထွေးပြီး နိုင်ငံကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာကတော့ လုံးဝသဘာဝမကျတဲ့ အလုပ်တစ်ခုဖြစ်နေပါတယ်.........မုန်တိုင်းကလည်းကျွန်တော်တို့ စစ်တပ်ကိုရှောင်ပြီးတိုက်ခာတ်သွားတာမဟုတ်ပါဘူး......အားလုံးပါပါတယ်......ကံတရားရဲ့
ထိုးနှက်ချက်တစ်ခုပါ.....
စစ်တပ်က လာတိုက်ပါလို့ ဖိတ်ခေါ်လိုက်တဲ့ မုန်တိုင်းလည်း မဟုတ်ပါဘူး........မြန်မာနိုင်ငံက
စစ်သားကလည်း မြန်မာပါပဲ.....ဘာလူမျိုးမှ စစ်တပ်ထဲမှာ မရှိပါဘူး........ကိုယ်ချင်းစာ တရားဆိုတာ အခြေအနေမှာ မထားတတ်ရင်တောင် အချိန်အခါတစ်ခုမှာတော့ ထားသင့်ပါတယ်.......
မြန်မာနိုင်ငံ အကျယ်ကြီးမှာ......နေရာတိုင်းကို ကျွန်တော်တို့ စစ်တပ်က လိုက်ရှင်းပေးနိုင်မလား
ဆိုတာ စဉ်းစား
ကြည့်ပေါ့.....မရှင်းရသေးတဲ့ သစ်ပင်တွေရဲ့ ဓာတ်ပုံတွေ တင်ထားတယ် ဆိုရင် ကျွန်တော်တို့
စစ်သားတွေ ရှင်းလင်းထားတဲ့ ဓာတ်ပုံတွေက ဘယ်နားမှာလဲ.....မြန်မာနိုင်ငံက သတင်းစာတွေ အမှန်တရားကိုဖျောက်ထားတယ်ဆိုရင် ရေးသားနေကြတဲ့ ဘလော့တွေ....ဝက်ဆိုဒ်တွေကရော ဘာလို့အမှန်ဖြစ်တဲ့ ပုံတွေ မတင်တာလဲ.......ဒီပုံတင်လိုက်ရင် ဒီလိုဖြစ်လာမယ်ဆိုတဲ့ ဝါဒတစ်ခုနဲ့
ဒီပုံတွေပဲ တင်ပြီး ဝါဒဖြန့်နေကြတဲ့ ပြည်သူ့သားကောင်းကြီးများ......ကိုယ့် ဘက်ကိုပဲ နေရာတိုင်းမှာ ကြည့်လို့မရပါဘူး....
ဒီမိုကရေစီလိုချင်လို့ တိုက်ခိုက်နေကြတဲ့ ကျွန်တော်ရွှေမြန်မာတွေထဲမှာ ဘက်မလိုက်တဲ့ အယူဝါဒ
တစ်ခုမှ မရှိတော့ဘူးလား......သြော်...နာဂစ်....နာဂစ်.....နိုင်ငံကို ဖျက်ဆီးရုံတင်အားမရလို့ လူမျိုးချင်းပါ တိုက်ပေးခဲ့ပြန်ပြီပေါ့လေ........

Thursday, 8 May 2008

နာယက ဂုဏ် (၆) ပါး

®®®မည်သည့်နေရာမှမဆို ခေါင်းဆောင်ပုဂ္ဂိုလ်ရှိကြမှာပါ.....အဖွဲ့အစည်းတို့မှာမှ ခေါင်းဆောင်ရှိသည် မဟုတ်ပါ….အိမ်တစ်အိမ်၏ အိမ်ထောင်ဦးစီးသည်လည်း ခေါင်းဆောင်ဖြစ်ပါသည်…..အဲ့ဒီ ခေါင်းဆောင်တို့ကို “ နာယက ” လို့ ခေါ်ပါတယ် ……နာယက ဂုဏ် (၆) ပါးရှိပါတယ်......အဲ့ဒီ (၆) ပါးကို ကျွန်တော်တို့ အများစုက

၁ ။ ထကြွ

၂ ။ နိုးကြား

၃ ။ သနား

၎ ။ သည်းခံ

၅ ။ ဝေဖန်

၆ ။ ထောက်ရူ လို့ လက်ခံကြားသိထားကြပါတယ်……..

®®®ကျမ်းစာတို့မှာကတော့

(၁) ခမာ ---> သည်းခံခြင်း ၊

(၂) ဇာဂရိယ ---> နိုးနိုးကြားကြားရှိခြင်း ၊

(၃) ဥဌာန ---> အသိဥာဏ်ပါသော ထကြွလုံ့လ ဝီရိယရှိခြင်း ၊

(၄) သံဝိဘာဝေ ---> ခွဲဝေပေးလေ့ရှိခြင်း ၊

(၅) ဒယာ ---> သနားညှာတာခြင်း ၊

(၆) £ က္ခဏာ ---> ကြည့်ရူစောင့်ရှောက်ခြင်း ။ ဆိုပြီး အဓ္ဓပ္ပယ်ဖွင့်ဆိုထားပါတယ်…..

®®® ခမာ == သည်းခံခြင်း

ခေါင်းဆောင်လုပ်သူတိုင်း ငယ်သားများကို တင်ကြို အမှားမရှိအောင် သတိပေးရပါမည်……သတိပေးထားလျက် မတော်တဆအမှားတွေ့လျှင်လည်း မိမိလို အရည်အချင်းမရှိသေးလို့ ငယ်သားဖြစ်နေတာပဲလို့ သဘောထားပြီး သည်း

ခံပေးရပါမည်…….နောင်အမှားမရှိအောင်လည် သင်ကြားပြသပေးရပါမည်…….

®®® ဇာဂရိယ == နိုးနိုးကြားကြားရှိခြင်း

ခေါင်းဆောင်လုပ်သူသည် လေးလံထိုင်းမိုင်းပြီး ပျင်းရိစွာ နေထိုင်လို့မရပေ……အိပ်နေလို့ မရပေ…..ကိုယ်တိုင်လည်း

တက်တက်ကြွကြွ နိုးကြားစွာနေပြီး ငယ်သားများကိုလည်း နိုးကြားစေရပါမည်…..ကိုယ်တိုင်က အိပ်နေပြီး ငယ်သားများ

အား မအိပ်မနေကြိုးစားစေလျှင် ငယ်သားများက မတရားဘူးထင်လာကြပါမည်…..

®®® ဥဌာန == အသိဥာဏ်ပါသော ထကြွလုံ့လ ဝီရိယရှိခြင်း

ဆိုင်ရာကိစ္စတို့တွင် နားလည်မူအသိဥာဏ်တို့နှင့် ထထကြွကြွလုံလရှိရပါမည်……အသိဥာဏ်ပညာမရှိသော လုံလဝီရိယမရှိ

သော ခေါင်းဆောင်တို့အား မည်သည့်ငယ်သားမှ လေးစားမည်မဟုတ်ပါ……

®®®သံဝိဘာဂ == ခွဲဝေပေးလေ့ရှိခြင်း

အစားအဝတ်မှ စပြီး ငယ်သားများအား ခွဲဝေထောက်ပံ့ကြည့်ရူစောင့်ရှောက်ပေးရပါမည်…..ခေါင်းဆောင်သည်ခမ်းနားစွာ

နေထိုင်စားသောက်ပြီး ငယ်သားများက ငတ်ပြတ်နေလျှင် ဘယ်နေရာမှာမှ အဆင်ပြေမည်မဟုတ်ပါ……

®®® ဒယာ == သနားညှာတာခြင်း

ငယ်သားတို့ အပေါ်တွင် အကျိုးလိုလားသော မေတ္တာစိတ်နှင့် သနားညှာတာသော ကရုဏာစိတ် အမြဲရှိရဖို့ လိုအပ်ပေသည်…..

သို့မှသာ ခေါင်းဆောင်လုပ်သူ၏ အမိန့်ကို လွယ်လွယ်ကူကူနာခံမှာ ဖြစ်ပါတယ်…..

®®® £ က္ခဏာ == ကြည့်ရူစောင့်ရှောက်ခြင်း

ငယ်သားများ မကျန်းမာသော အခါတွင် ဖြစ်စေ…တစ်စုံတစ်ခု အခက်အခဲကြုံလာလျှင်ဖြစ်စ ကြည့်ရူစောင့်ရှောက်ဖော်မရပါက

မည်သည့်ငယ်သားကမှ ကြည်ညိုမည် မဟုတ်ပေ……မေတ္တာဂရုဏာတို့ဖြင့် အရာရာကို စောင့်ရှောက်မှန်းသိလျှင် ခေါင်ဆောင်လုပ်သူ၏ တာဝန်ကို အသက်ပေးပြီး ထမ်းဆောင်ချင်စိတ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်……

Wednesday, 7 May 2008

အလုပ်မရှိ အကိုင်မရှိ....

--- >ဖြစ်ချင်တာတွေ များနေတဲ့ ကျွန်တော့်ကို လောကကြီးက အမြည်းလုပ်သွားပြန်ပါပြီ.......
အသူရာအရည်တိုင်းကို မသောက်တတ်ပေမယ့် သံသရာလှည့်ကွက်ထဲမှာ မူးနေတာ ဘာကြောင့်လဲ......
--- >ဖြစ်တည်ခြင်းရဲ့နောက်မှာ ကျွန်တော်ဘယ်အချိန်ထိ တည်မြဲနေခွင့်ရမှာလဲ.....
တည်မြဲနေခွင့်ဆိုတဲ့ အရာရဲ့နောက်မှာ ဖြစ်ပြီးဆဲ နောင်တတို့နဲ့ ကျွန်တော်......ဖြစ်လာမယ့်အနာဂတ်ကို ဆီးကြိုဖို့ လမ်းပျောက်နေဆဲ......
--- >အရူးအမူးနဲ့ ချစ်ခြင်းတွေကို ရှေ့တန်းတင်ပြန်တော့လည်း နောက်ကောက်ကျနေတဲ့ ကျွန်တော့် ကမ္ဘာကြီးမှောင်မိုက်သွားပြန်ပါပြီ.......
--- >လက်တွဲနိုင်မယ့် လူကိုမမျှော်လင့်ဘူး.......ဖိနပ်တစ်စုံကို တောင့်တမယ်.......
--- >ကြယ်ကြွေတာကို မတမ်းတဘူး......ဆုတောင်းမှားမှာကို ကြောက်မိတယ်.......
--- >မျှော်လင့်ခြင်းတွေကို မျိုသိပ်ထားမယ်.......
--- >မီးအိမ်ငယ်ကို မလိုချင်ဘူး.....အမှောင်ညတွေမှာ ဘဝကိုစတေးပစ်မယ်.......
--- >အတွေ့အကြုံကို တစ်စုံတစ်ယောက်သောသူတို့ဆီက ရယူမယ်ဆိုတဲ့ လူတွေရဲ့ဆန္ဒတွေကို အတ္တလို့ ပြောရမှာလား.......
--- >အမြင်မတူတဲ့ လူတွေကြားမှာ အတတ်ပညာတိုင်းကို မသိတရားတွေနဲ့ ကျော်ဖြတ်နေဆဲပါ........
--- ဘဝကို ရိုးရိုးလေး ဖြတ်သန်းနေတဲ့ ကျွန်တော့် အတွက် ပုံသေနည်းက (၁၀၉ _ ၁၁၀)တဲ့……